+6620340808

ဘယ်လိုလက္ခဏာတွေက “အရိုး disc ပြားအာရုံကြောဖိရောဂါ” လဲ။ (Herniated Nucleus Pulposus) 

“ခါးနာပေမဲ့ ခြေထောက်သို့ ဘာကြောင့် ပျံနှံ့သွားတာလဲ” ဟု လူတော်တော်များများ တွေးမိကောင်း တွေးမိနိုင်ပါသည်။ သို့သော် ၎င်းသည် အရိုး disc ပြား အာရုံကြောဖိ ရောဂါ (Herniated Nucleus Pulposus) ၏ အထင်ရှားဆုံး လက္ခဏာများထဲမှ တစ်ခုဖြစ်ပြီး လူနာများအတွက် ဆရာဝန်နှင့် ပြသရန် အရေးကြီးသော အကြောင်းရင်းဖြစ်၍ အသက်အရွယ်မရွေးတွင် ဖြစ်ပွားနိုင်သော်လည်း အလုပ်လုပ်သော အရွယ်မှာ အဖြစ်များပါသည်။ 

အရိုး disc ပြား အာရုံကြောဖိရောဂါသည် ကျောရိုးတည်ဆောက်ပုံ ယိုယွင်းလာခြင်းကြောင့် ဖြစ်သည်။ အမြဲတမ်း ခေါင်းငုံ့ခြင်း၊ မော့ခြင်းစသော ကြာရှည်စွာအသုံးပြုခြင်း၊ လေးလံသော အရာများကို မှားယွင်းသော အနေအထားဖြင့် မြှောက်တင်ခြင်း၊ သို့မဟုတ် ကျောရိုးကို တိုက်ရိုက်ထိခိုက်စေသော မတော်တဆမှုတစ်ခုမှ ဂျယ်လီများ ထွက်လာပြီး နောက်ကျောရှိ အာရုံကြောများကို ဖိမိ၍ အာရုံကြောများ ရောင်ရမ်းစေခြင်းမှ ဖြစ်စေသည်။ 

သင့်တွင် အရိုး disc ပြားအာရုံကြောဖိရောဂါ ရှိနေနိုင်သည့် သတိပေးအချက်များမှာ 

• ခါးနာခြင်းသည် ခြေထောက်တစ်ဖက် (သို့မဟုတ်) နှစ်ဖက်စလုံးသို့ ပျံ့နှံ့သွားခြင်း 
• ခါးပတ်ဝန်းကျင်တွင် နာတာရှည် ခါးနာခြင်းသည် ဖြစ်လိုက်ပျောက်လိုက်နှင့် အချိန်အတော်ကြာနေခြင်း 
• ခါးနာခြင်းသည် ခြေထောက်များသို့ ပျံ့နှံ့သွားခြင်းသည် တင်ပါးမှ ခြေသလုံး သို့မဟုတ် ခြေဖဝါးအထိဖြစ်ခြင်း 
• အဝေးကြီး လမ်းမလျှောက်နိုင်ခြင်းနှင့် ခြေထောက်တွင် ကြွက်တက်သလိုမျိုး ထုံကျင်လာပြီး နာကျင်ကာ လမ်းဆက်မလျှောက်ဘဲ နားပြီးမှ ပြန်ဆက်လျှောက်နိုင်ခြင်း 
• ပြင်းထန်သောလက္ခဏာများရှိသည့် လူနာများတွင် ခြေထောက်ရှိ ကြွက်သားများ အားနည်းလာနိုင်၍ ခြေကျင်းဝတ်များကို မကော့နိုင်ခြင်း 

• အချို့သောလူများသည် အညစ်အကြေးစွန့်ထုတ်မှုစနစ်ကို ထိန်းချုပ်ရန် ပြဿနာရှိခြင်

  1. ကနဦးအဆင့်
    ကျောရိုး disc ပြားများ ယိုယွင်းလာသောအခါ လူနာတွင် နာတာရှည် ခါးနာခြင်းစသော ရောဂါလက္ခဏာများ ဖြစ်ပေါ်လာစေသည်။ နာကျင်မှု အစပိုင်းတွင် ဖြစ်လိုက်ပျောက်လိုက်ဖြစ်ပြီး နာကျင်မှု တဖြည်းဖြည်းတိုးလာကာ မခံမရပ်နိုင်အောင် ဖြစ်နိုင်သည်။ 
  2. အလယ်အလတ်အဆင့် 
    အရိုး disc ပြား စတင်ရွေ့သည့် အဆင့် သို့မဟုတ် ထိုးထွက်ပြီး အာရုံကြောများကို ဖိသည့် အဆင့်ဖြစ်သည်။ လည်ပင်းမှ လက်အထိ နာကျင်မှု ပျံ့နှံ့သွားခြင်း သို့မဟုတ် နောက်ကျောမှ ခြေသလုံးနှင့် ခြေထောက်အထိသို့ နာကျင်မှု ပျံ့နှံ့သွားခြင်းနှင့်အတူ ထုံကျင်မှုများလည်း ဖြစ်နိုင်ပါသည်။ 
  3. ပြင်းထန်သောအဆင့်
    အာရုံကြောဖိမှု ပိုပြင်းထန်လာသည်နှင့်အမျှ နာကျင်ခြင်း၊ ထုံကျင်ခြင်းနှင့် အားနည်းခြင်းတို့ တိုးလာမည်။ အာရုံကြောများသည် ထိခိုက်ဒဏ်ရာရသည်အထိဖြစ်ကာ မသန်မစွမ်းဖြစ်နိုင်ခြေရှိသောကြောင့် အရိုး disc ပြားအာရုံကြောဖိရောဂါကို ကုသမှုခံယူသင့်ပါသည်။ လေဖြတ်ခြင်း၊ အချို့လူများသည် ခါးနာလွန်းကာ မလှုပ်ရှားနိုင်ခြင်း၊ ဒဂေါက်ကွေးနှင့် အောက်ပိုင်း ခံစားမှုမရှိခြင်း သို့မဟုတ် ရုတ်တရက်လေဖြတ်ခြင်း စသော ဖြစ်နိုင်ခြေရှိခြင်းကြောင့် ချက်ချင်း ကုသမှုခံယူသင့်ပါသည်။ 
246361163 1608438092820930 4452751133505944664 n




ယခုခေတ်တွင် ဆေးဘက်ဆိုင်ရာနည်းပညာများ အလွန်တိုးတက်နေပြီး MIS SPINE နည်းကို အသုံးပြု၍ ကျောရိုးရောဂါများကို ကုသခြင်းဖြင့် ဒဏ်ရာသည် သေးငယ်ကာ နာကျင်မှုနည်းပါး၍ ပြန်လည်ကောင်းမွန်လာမှု မြန်ဆန်သောကြောင့် အရိုး disc ပြား အာရုံကြောဖိရောဂါ ကုသမှုကို လွယ်ကူစေသည်။ မြန်မြန်သက်သာစေကာ မြင့်မားသောဘေးကင်းမှုနှင့် သွေးဆုံးရှုံးမှုနည်းစေ၍ ပိုးဝင်နိုင်ခြေနည်းပြီး လူနာအား ကြွက်သားများ ပျက်စီးစေခြင်းကို လျော့နည်းစေသည်။ လူနာကို မြန်မြန်ပြန်ကောင်းစေပြီး ပုံမှန်ဘဝသို့ ပိုမိုလျင်မြန်စွာ ပြန်ရောက်စေနိုင်သည်။ 

အကယ်၍စောစီးစွာ ကုသမှုမခံယူဘဲ အချိန်အကြာကြီး ထားလိုက်ပြီး နာကျင်မှုကို ခံနိုင်ရည်ရှိရှိ တောင့်ခံကာ မည်သည့် ကုသမှုမှ မခံယူပါက ခြေထောက်တွင် ထုံကျင်ခြင်းရှိနေသည့်အပြင် ခြေထောက်၌ အားနည်းသော လက္ခဏာများ ဖြစ်ပေါ်လာပြီး ထုံကျင်နေသော ခြေထောက် ကြွက်သားများသည် သေးငယ်လာပါလိမ့်မည်။ ထိတွေ့မှုအာရုံဆုံးရှုံး၍ ခံစားမှုများနှင့် အမိန့်ပေးမှုများ ကစဉ့်ကလျားဖြစ်ကာ ယိုင်တိုင်တိုင်ဖြစ်စေပြီး လဲကျနိုင်ခြေရှိ၍ နောက်ဆုံးတွင် လမ်းမလျှောက်နိုင်တော့ပါ။ 

အချက်အလက်တောင်းပါ။

လည်ပင်းနာ
ခါးနာ
MRI

รพ. เอส ไปน์

เราเฉพาะทางด้านกระดูกสันหลัง

ปวดหลัง ปวดคอไม่หาย
ปรึกษาเราเลย!

020340808Line ID @s-spinehospital